လန်ဒန်မှာ စာသင်ခန်းပြင်ပ သင်ကြားမှု စမ်းသပ်
လန်ဒန်မှာ စာသင်ခန်းပြင်ပ သင်ကြားမှု စမ်းသပ်
လန်ဒန်က ကျောင်းတကျောင်းမှာ ရာသီဥတု ကောင်းတဲ့ နေ့တွေဆို သင်ခန်းစာတွေကို စာသင်ခန်း ပြင်ပမှာ သင်ကြားပေးနေပါတယ်။ ဒေသတွင်း တက္ကသိုလ်တခုရဲ့ လေ့လာမှု အတ��က် အခုလို သင်ကြားပေးတာပါ။ စာသင်ခန်းတွေထဲမှာ ဆူညံမှုရဲ့ သက်ရောက်ပုံနဲ့ စာသင်ခန်းပြင်ပ သင်ယူမှုတွေရဲ့ အကျိုးကို သိနိုင်ဖို့ အတွက်လို့ ဆိုပါတယ်။ လေ့လာသူတွေက ဒီလေ့လာမှုမှာ တခြားကျောင်းတွေလည်း ပါဝင်လာကြဖို့ မျှော်လင့်နေကြပါတယ်။ ဘီဘီစီသတင်းထောက် အဲလ်ပါ ပါတဲလ် ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။



