စက်မှုဇုန်တွေမှာ ၂၄ နာရီမီးပေးပြီး မီတာခတိုးမယ်

ဗီဒီယို ပုံစာ, စက်မှုဇုန်တွေမှာ ၂၄ နာရီမီးပေးပြီး မီတာခတိုးမယ်
စက်မှုဇုန်တွေမှာ ၂၄ နာရီမီးပေးပြီး မီတာခတိုးမယ်

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးတိုင်းထဲက စက်မှုဇုန်တွေနဲ့ သီးသန့်ဓာတ်အားလိုင်း ယူထားတဲ့နေရာတွေကို ၂၄ နာရီမီးပေးမှာဖြစ်ပြီး မီတာခကိုလည်း နောက်ထပ်တစ်ဆနီးပါးတိုးမြှင့် ကောက်ခံမှာဖြစ်ကြောင်း စစ်ကော်မရှင်ရဲ့ လျှပ်စစ်ဝန်ကြီးဌာနကပြောခဲ့တယ်လို့ စက်ရုံ လုပ်ငန်းရှင်တွေက ပြောပါတယ်။ အများပြည်သူ လျှပ်စစ်မီးသုံးစွဲမှုအတွက် မီတာခနှုန်းထားကတော့ မပြောင်းလဲဘ��� အရင်အတိုင်းသာ ဆက်လက် ကောက်ခံမယ်လို့ သိရပါတယ်။ လက်ရှိ ၂၄ နာရီ မီးမရရှိတာကြောင့် မီးစက်တွေကိုအသုံးပြုနေရတဲ့ စက်ရုံလုပ်ငန်းရှင်တွေက ဒီအပေါ် ဘယ်လို သဘောထားရှိကြပါသလဲ၊ မီးအမြဲရရင် ကုန်ထုတ်လုပ်ငန်း ပိုကောင်းလာနိုင်မလား၊ ဒါမှမဟုတ် မီတာခတက်သွားလို့ စားသုံးသူတွေအပေါ်ကိုပဲ ဝန်ထုတ်ဝန်ပိုးဖြစ်စေနိုင်မလား။ ဒီအကြောင်း မရွှေပိုးနီက ပြောပြမှာပါ။